သူလေးနဲ့ အင်တာနက်မှာ ဂျပန်စာဖတ်ရတာ အတော်အဆင်ပြေပါတယ်။ သူလေးဆိုတာ "Rikaichan"ပါ။ "rikai"က understanding လို့ အဓိပ္ပါယ်ရပြီး "chan" က "---လေး"လို့ ဆိုလိုပါတယ်။ ဒါကြောင့် "ဂျပန်စာ ဖတ်ဖို့ကူညီသူလေး"လို့ ခေါ်လိုက်တာပါ။ Firefox ရဲ့ Tools ထဲမှာ ထည့်ထားရင် သူ့ကို on ပြီး မသိတဲ့စာလုံးပေါ် mouse ထောက်လိုက်တာနဲ့ ဒီလို လာပြပါတယ်။

သူ့ကို ဒီနေရာမှာ download လုပ်ယူပါ။
Rikaichan - Firefox Add-ons
သူလေးတခုထဲနဲ့လည်း မရသေးပါဘူး။ ကိုယ့်ကို ဘယ်ဘာသာစကားနဲ့ ဘာသာပြန်စေချင်လဲဆိုတာကို Dictionary ရွေးရပါဦးမယ်။ အင်္ဂလိပ်၊ ဂျာမဏီ၊ ပြင်သစ်၊ ရုရှား ကြိုက်တာရွေးပြီး install လုပ်နိုင်ပါတယ်။
Rikaichan Dictionary
ဂျပန်စာ လေ့လာလိုသူတွေ အဆင်ပြေနိုင်ကြပါစေ။
10 comments:
rikai chan လေးအတွက် အထူးပဲကျေးဇူးတင်ပါတယ်။ သူလေးက ကျနော့်လို beginner တစ်ယောက်အတွက် အလွန်အသုံးဝင်မဲ့ add on လေးပါပဲ။
အစ်မ ရဲ့ဒီဘလော့လေးကို အရင်နေ့ တွေကတည်းက တွေ့မိပါတယ်။ ဒါပေမဲ့ ဘလော(ဂ်) နံမည်ကို ဂျပန်လို ရေးထားတော့ အထဲမှာလည်း အားလုံးကို ဂျပန်စာနဲ့ ပဲရေးထားမှာပဲလို့တွေးပီး မ၀င်ရဲဘူးဖြစ်နေမိတယ်။ :P
ဒီနေ့ ကျနော့ c box ထဲမှာ အစ်မ သတင်းလာပေးသွားမှပဲ လာကြည့်ဖြစ်တော့တယ်။ ဒါတောင် အစ်မရေးသွားတာကို မဖတ်တက်လို့ google translator ဆီသွားပီး ဖတ်ကြည့်ရသေးတယ်..ဟီးဟီး။
Hi, but i have one problem. I cant read Japanese words.Square Pic lay pae pya nay tae.:(
ဂျပန်စာကို အခုမှစလေ့လာ မယ့်သူပါ။ ဘယ်ကစ လေ့လာရမယ်ဆိုတာလေးလမ်းညွှန်ပေးပါနော်။ တရုတ်စာမှာ ping ying အသံထွက် (a, o, e ) တွေ ရှိသလို ဂျပန်မှာလဲ အသံထွက်တွေရှိတယ် လို့သိရပါတယ်။ အဲဒီဟာတွေအွန်လိုင်းမှာနားထောင်လို့ ရလားဟင်။ ရရင် website address လေးပေးပါနော်။ ကျေးဇူးပါ။
ဒီလင့်တွေမှာ အသံထွက်ပြီးသင်ပေးတာတွေ ရှိပါတယ်။ အသုံးဝင်နိုင်လို့မယ် ထင်ပါတယ်။
http://japanese.about.com/images/blbeginner.htm
http://www.nhk.or.jp/lesson/burmese/index.html
http://www.japanesepod101.com/
thanks for sharing.
can i get this link in my blog?
အခုမှ ရောက်တယ်။
မြန်မာ ဘလော့ကိုဘဲသိတယ်။
ဂျပန်လို ဘလော့ရှိမှန်း မသိဘူး
level2 ဖြေထားတယ်။ မအောင် ဘူး ဆိုတာ ကြိုသိနေတယ်။
စာမေးပွဲအောင်သွားတာ အရမ်းချီးကျူး အားကျပါတယ်။
အရမ်းတော်ပါတယ်။
အားရင် ipoh ထဲမှာ နားထောင်ဘို့ ဘယ်မှာ ဒေါင်းလုပ် လုပ်လို့ရပါလဲဟင်။
ဒီမှာ ဂျပန်လိုရေးထားတာတွေ ဖြည်းဖြည်းချင်း အကျင့်ရအောင် လာဖတ်ပါဦးမယ်
you can see some important lessons about Japanese Language here.It will definitely help you.
Learn Japanese
အစ်မရေ ..
ဂျပန်ဖောင့်Download ရယူနိုင်တဲ့လင့်လေးနဲ့ ဂျပန်ဘာသာကနေ အင်္ဂလိပ်လို အလွယ်တစ်ကူ ဘာသာပြန်လို့ အဆင်ပြေနိုင်မယ့် ဒစ်ရှင်နရီများရှိရင် လမ်းညွှန်ပေးပါရှင်
လေးစားစွာဖြင့်
နှင်းလေး
hninn2010@gmail.com
မသိသေးတဲ့စာလုံးတွေကို ဆွဲပြီးရှာစရာမလိုတော့ဘူး
တကယ်ကိုအဆင်ပြေပါတယ်
ကျေးဇူးအထူးတင်ရှိပါတယ်
M
Post a Comment