Saturday, July 26, 2008

ဂျပန်စာ ဖတ်ပြဦးမယ့် "ကြက်တူရွေးမောင်"


"Rikaichan"ပြီးတော့ ဒီတခါ "Perapera-kun"နဲ့ မိတ်ဆက်ပေးပါမယ်။ "Perapera"က fluent လို့ အဓိပ္ပါယ်ရပါတယ်။ あの人は日本語がペラペラです ကို မြန်မာလိုဆိုရင်တော့ "သူဂျပန် စကားပြောတာ မွှတ်နေတာဘဲ"လို့ ဆိုလိုပါတယ်။ "kun"ကတော့ ယောက်ျားလေးတွေ အမည်အနောက်မှာ "မောင်"ဆိုတဲ့ သဘောမျိုးပါ။ ဂျပန်မှာ "ဦး/ဒေါ်/ကို/မောင်/မ"စတာအားလုံးအတွက် အမည်အနောက်မှာ "san(စံ)"လို့ သုံးပါတယ်။ ရင်းနှီးလာကြတဲ့အခါ မိန်းကလေးအချင်းချင်းက အမည်အနောက်မှာ "--chan(ချန်)" ယောက်ျားလေးဆိုရင် "kun(ကွန်)"လို့ ထည့်ခေါ်ကြပါတယ်။ ခု"Perapera-kun"ကိုတော့ ဂျပန်စာတွေဖတ်ပြမယ့် "ကြက်တူရွေးမောင်"လို့ ခေါ်လိုက်ပါတယ်။ သူ့ကိုလည်း "Rikaichan"လိုဘဲ Firefox ရဲ့ Tools ထဲမှာ ထည့်ထားရမှာပါ။ အလုပ်လုပ်တာက "Rikaichan" လိုပါဘဲ။ တခုသာတာက "Rikaichan"က စာလုံးတစ်လုံးအနေနဲ့ ဖတ်မပြဘဲ ခန်းဂျီးစာတစ်လုံးအနေနဲ့ ခွဲပြတဲ့စာတွေကို သူက တခါထဲဖတ်ပြပေးတာပါ။



သူ့ကို ဒီမှာ Download လုပ်နိုင်ပါတယ်။

Perapera-kun - Firefox Add-ons


Dictionary ကတော့ "Rikaichan"အတွက် installလုပ်ထားပြီးရင် ထပ်ထည့်ဖို့ မလိုတော့ပါဘူး။ တခုသတိထားရမှာက "Rikaichan"ကို onထားရက်နဲ့ သူ့ကို on လိုက်ရင် ရှုပ်ကုန်ပြီး နှစ်ခုစလုံး အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် နောက်တစ်ခုပြောင်းချင်ရင် အရင် on ထားတာကို ပိတ်ပြီးမှ နောက်တစ်ခုကိုဖွင့်ပါ။ လွယ်လွယ်ကူကူတော့ စာလုံးပေါ် Right click နှိပ်ပြီး ရွေးလို့ရပါတယ်။

အဆင်ပြေနိုင်ကြပါစေ။

0 comments: